Saturday, February 24, 2018

မဟာလူသား Cristiano Ronaldo ရဲ့ ၃၃ နှစ်မြောက်မွေးနေ့'

မဟာလူသား Cristiano Ronaldo ရဲ့ ၃၃ နှစ်မြောက်မွေးနေ့'

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ပေါ်တူဂီ အသင်းနှင့် ရီးရဲ အသင်းတို့ရဲ့တိုက်စစ်မှူး ရိုလ်နာဒို က အသက် ၃၃ နှစ် ပြည့်သွားခဲ့ပါပီ။ ယခုနှစ်ဘောလုံးရာသီမှာတော့ ရိုလ်နာဒို အတွက် ခက်ခဲတဲ့ရာသီတစ်ခုလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ရီးရဲမက်ထရစ် အသင်းကလဲ ယခုရာသီမှာရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပီး လာလီဂါကိုပြောင်းရွှေ့တဲ့အချိန်ကစလို့ နှစ်စဉ်နှစ်တိုင်း လာလီဂါရဲ့ထိပ်တန်းဂိုးသွင်းရှင် အဖြစ်ရပ်တည်ခဲ့တဲ့ ရိုလ်နာဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာတော့ လာလီဂါ ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး မဟာပြိုင်ဘက် မက်ဆီကတော့ ဂိုး ၂၀ သွင်းယူထားပါတယ်။ ၃၃ နှစ်မြောက်မွေးနေ့ကိုတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်ဖြစ်လို့ အကြီးအကျယ် အောင်ပွဲမခံခဲ့ပါဘူး လို့သိရပါတယ်။
          
ပေါ်တူဂီကလပ် စပို့တင်းလစ်စဘွန်းနဲ့ ဘောလုံးဘ၀စတင်ခဲ့တဲ့ ရိုလ်နာဒိုဟာ မန်ယူ အသင်းကို ၂၀၀၃ ခုနှစ်မှာပြောင်းရွေ့ခဲ့ပါတယ် ။ မန်ယူ အသင်းမှာ ခြောက်နှစ်တာကစားခဲ့ပီး ၂၉၂ ပွဲမှာ ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ အက်ဖ်ဖေဖလား ၁ ကြိမ် ၊ လိဂ်ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ Ballon d'Or ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။
                

ရီးရဲလ်မက်ထရစ် အသင်းကို ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရောက်ရှိခဲ့ပြီး လာလီဂါဖလား ၂ ကြိမ် ၊ စပိန်ဘရင့်ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး Ballon d'Or ဆု လေးကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ရိုလ်နာဒိုဟာ ရီးရဲ မက်ထရစ် အသင်းအတွက် ၄၂၁ ပွဲကစားပြီး ၄၂၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပေါ်တူဂီ အသင်းအတွက်လဲ ၁၄၇ ပွဲကစားပြီး ၇၉ ဂိုးသွင်းကာ ပေါ်တူဂီအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ပါတယ် ။ ရိုလ်နာဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ၂၀၁၆ မှာ ယူရိုဖလား ကို သမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့ပြီး ပြင်သစ်နဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရသွားပေမယ့် ကွင်းဘေးကနေ ဦးဆောင်ခဲ့တဲ့ ရိုလ်နာဒိုရဲ့ ဟန်အမူအရာတွေဟာ အတော်လေးကြော်ကြားခဲ့ပါတယ်။
             
ရိုလ်နာဒိုဟာ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ကလေး၎ယောက်၇ှိပါတယ် ( CR 7  ဆိုတဲ့အတိုင်း ကလေး ၇ ယောက်ယူမယ်လို့ ပြောထားပါတယ် *မသေချာပါ *)။သူ့ရဲ့အေးဂျင့်ဖြစ်သူကတော့ ရိုလ်နာဒို ဟာအသက် ၄၁ နှစ်အထိ ဘောလုံးကစားမယ်လို့ ပြောထားပါတယ်။ ဘောလုံးလောက ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဆီနဲ့ အပြိုင်သတ်မှတ်ခံရတဲ့ ရိုလ်နာဒို ရဲ့ငယ်စဉ်ဘ၀က ကြမ်းတမ်းခဲ့ပြီး ယခုလို့ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်နိုင် တာ အင်မတန်မှ လေးစားစရာ ကောင်းပါတယ်။




By Joker(MDY Sports)

စီးပွားဖြစ် website များတွင် ကူးယူသုံးစွဲခွင့်မပြု

No comments:

Post a Comment

ပြတ်သားတဲ့ အနိုင်ရလဒ် နဲ့ အောင်ပွဲ ခံသွားတဲ့ မန်စီးတီး

အာဆင်နယ် ၀ - ၃ မန်စီးတီး **********************************   အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွ...