Monday, February 26, 2018

ပြတ်သားတဲ့ အနိုင်ရလဒ် နဲ့ အောင်ပွဲ ခံသွားတဲ့ မန်စီးတီး

အာဆင်နယ် ၀ - ၃ မန်စီးတီး
**********************************
  အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့  အာဆင်နယ် အသင်းနှင့်  မန်စီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မန်စီးအသင်းက အာဆင်နယ် အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ယူပြီး လိဂ် ဖလားကို ရယူခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး အမှားများခဲ့ပြီး စိတ်ပျက် စရာ ဖြစ်ခဲ့ ပေမယ့်  မန်စီးတီးက ခြေစွမ်း ပိုင်းအနည်းငယ် အသာရ ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာတော့ မန်စီးတီး ပိုကောင်းလာပြီး အာဆင်နယ် ခံစစ်ကို ပိုမို ဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာဖြစ်ခဲ့သလို အသင်းသားတွေကလဲ ဗိုလ်လုပွဲ တစ်ပွဲ မှာရှိသင့်တဲ့တိုက်ပွဲဝင် စိတ်ဓာတ်မ၇ှိခဲ့ပါဘူး။ အာဆင်နယ် နောက်ခံလူတွေရဲ့ပေါ့လျော့ မှု ကြောင့် မန်စီးတီးက ပထမပိုင်း18 မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ် ။ ဒီဂိုးကိုတော့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက သွင်းယူခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာမန်စီးသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာ  ကွန်ပနီ နဲ့ ၆၅ မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား တို့ က ဂိုးသွင်းယူခဲ့လို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် ကတော့ တစ်ပွဲလုံးစိတ်ပျက်စရာခြေစွမ်းဖြစ်ခဲ့သလို အာဆင်ဝင်းဂါးလက်ထက်လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ၂၀၀၇ ၂၀၁၁ နဲ့ ၂၀၁၈ သုံးကြိမ်လုံးရှံးခဲ့တာ ဖြစ်ပါတယ်။ လိဂ်ဖလားဟာ ဂွါဒီယိုလာ အတွက် အင်္ဂလန်မြေမှာ ပထမဆုံးရခဲ့တဲ့ဖလားဖြစ်ပါတယ်။

No comments:

Post a Comment

ပြတ်သားတဲ့ အနိုင်ရလဒ် နဲ့ အောင်ပွဲ ခံသွားတဲ့ မန်စီးတီး

အာဆင်နယ် ၀ - ၃ မန်စီးတီး **********************************   အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွ...