Saturday, February 24, 2018

ပေါ့ဂ်ဘာနှင့် မရင်ဆိုင်လိုကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီပြောကြား'


ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက မန်ယူကွင်းလယ် ကစားသမားပေါ့ဂ်ဘာ မှာ ထိပ်တန်းကစားသမား အဖြစ်ချီကျူးလိုက်ပြီး တင်္နဂ်နွေနှင့်  မန်ယူနှင့်ကစားမည်းပွဲတွင် လူစာရင်းမှ ချန်လှပ်ခြင်းခံရရန် မျော်လင့်ကြောင်းပြောကြားလိုက်သည်။ ပြင်သစ် လက်ရွေးစဉ် ကစားသမားတစ်ဦး ဖြစ်သော ပေါ့ဂ်ဘာသည် ဂျူဗင်တပ်စ် အသင်းတွင် နည်းပြ ကွန်တီ ၏ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ ထို့နောက် အသက် ၂၄ နှစ်အရွယ် ရှိပေါ့ဂ်ဘာသည် မန်ယူအသင်းသို့ ၂၀၁၆ နွေရာသိ က ပေါင် ၈၆ သန်းဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ယခုနှစ်ရာသီတွင် ပုံမှန်ခြေစွမ်းရ ရန် ရုန်းကန်နေရပြီး နောက်ဆုံး ၃ ပွဲတွင် ၂ ကြိမ်မြောက် ဆီးဗီးလားနှင့်ပွဲတွင် ဦးစားပေး ကစားသမား အဖြစ်မှ ချန်လှပ်ခံ ခဲ့ရပြီး ချဲလ်ဆီးနှင့်ပွဲတွင်လဲ ဆက်လက် ချန်လှပ် ခြင်းခံရ ရန်မျှော်လင့်နေခြင်းဖြစ်သည်။ ' ကျွန်တော် တို့အနေနဲ့ သူပါလာမယ် လို့ ထင်ပါတယ် ဒါပေမယ့် သူ မပါခဲ့ရင်တော့ ကျနော် တို့အတွက် ပိုကောင်းသွားမှာပါဟု  ' ကွန်တီက ပြောကြားခဲ့သည်။

No comments:

Post a Comment

ပြတ်သားတဲ့ အနိုင်ရလဒ် နဲ့ အောင်ပွဲ ခံသွားတဲ့ မန်စီးတီး

အာဆင်နယ် ၀ - ၃ မန်စီးတီး **********************************   အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွ...