အာဆင်နယ် ၀ - ၃ မန်စီးတီး
**********************************
အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့  အာဆင်နယ် အသင်းနှင့်  မန်စီးတီးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ မန်စီးအသင်းက အာဆင်နယ် အသင်းကို ၃ ဂိုး ပြတ်နဲ့ အနိုင်ယူပြီး လိဂ် ဖလားကို ရယူခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး အမှားများခဲ့ပြီး စိတ်ပျက် စရာ ဖြစ်ခဲ့ ပေမယ့်  မန်စီးတီးက ခြေစွမ်း ပိုင်းအနည်းငယ် အသာရ ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာတော့ မန်စီးတီး ပိုကောင်းလာပြီး အာဆင်နယ် ခံစစ်ကို ပိုမို ဖိအားပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာဖြစ်ခဲ့သလို အသင်းသားတွေကလဲ ဗိုလ်လုပွဲ တစ်ပွဲ မှာရှိသင့်တဲ့တိုက်ပွဲဝင် စိတ်ဓာတ်မ၇ှိခဲ့ပါဘူး။ အာဆင်နယ် နောက်ခံလူတွေရဲ့ပေါ့လျော့ မှု ကြောင့် မန်စီးတီးက ပထမပိုင်း18 မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပါတယ် ။ ဒီဂိုးကိုတော့ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးက သွင်းယူခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာမန်စီးသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာ ကွန်ပနီ နဲ့ ၆၅ မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား တို့ က ဂိုးသွင်းယူခဲ့လို့ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် ကတော့ တစ်ပွဲလုံးစိတ်ပျက်စရာခြေစွမ်းဖြစ်ခဲ့သလို အာဆင်ဝင်းဂါးလက်ထက်လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တဲ့ ၂၀၀၇ ၂၀၁၁ နဲ့ ၂၀၁၈ သုံးကြိမ်လုံးရှံးခဲ့တာ ဖြစ်ပါတယ်။ လိဂ်ဖလားဟာ ဂွါဒီယိုလာ အတွက် အင်္ဂလန်မြေမှာ ပထမဆုံးရခဲ့တဲ့ဖလားဖြစ်ပါတယ်။
Monday, February 26, 2018
Saturday, February 24, 2018
ပေါ့ဂ်ဘာနှင့် မရင်ဆိုင်လိုကြောင်း ချဲလ်ဆီးနည်းပြ ကွန်တီပြောကြား'
ချဲလ်ဆီးအသင်းနည်းပြ ကွန်တီက မန်ယူကွင်းလယ် ကစားသမားပေါ့ဂ်ဘာ မှာ ထိပ်တန်းကစားသမား အဖြစ်ချီကျူးလိုက်ပြီး တင်္နဂ်နွေနှင့် မန်ယူနှင့်ကစားမည်းပွဲတွင် လူစာရင်းမှ ချန်လှပ်ခြင်းခံရရန် မျော်လင့်ကြောင်းပြောကြားလိုက်သည်။ ပြင်သစ် လက်ရွေးစဉ် ကစားသမားတစ်ဦး ဖြစ်သော ပေါ့ဂ်ဘာသည် ဂျူဗင်တပ်စ် အသင်းတွင် နည်းပြ ကွန်တီ ၏ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ကာ စီးရီးအေ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ ထို့နောက် အသက် ၂၄ နှစ်အရွယ် ရှိပေါ့ဂ်ဘာသည် မန်ယူအသင်းသို့ ၂၀၁၆ နွေရာသိ က ပေါင် ၈၆ သန်းဖြင့်ပြောင်းရွှေ့လာခဲ့ပြီး ယခုနှစ်ရာသီတွင် ပုံမှန်ခြေစွမ်းရ ရန် ရုန်းကန်နေရပြီး နောက်ဆုံး ၃ ပွဲတွင် ၂ ကြိမ်မြောက် ဆီးဗီးလားနှင့်ပွဲတွင် ဦးစားပေး ကစားသမား အဖြစ်မှ ချန်လှပ်ခံ ခဲ့ရပြီး ချဲလ်ဆီးနှင့်ပွဲတွင်လဲ ဆက်လက် ချန်လှပ် ခြင်းခံရ ရန်မျှော်လင့်နေခြင်းဖြစ်သည်။ ' ကျွန်တော် တို့အနေနဲ့ သူပါလာမယ် လို့ ထင်ပါတယ် ဒါပေမယ့် သူ မပါခဲ့ရင်တော့ ကျနော် တို့အတွက် ပိုကောင်းသွားမှာပါဟု ' ကွန်တီက ပြောကြားခဲ့သည်။
မက်ဆီ ရဲ့ မှော်ဝင်ခြေစွမ်း ဗွီဒီယို 2018
မက်ဆီ ရဲ့ မှော်ဝင်ခြေစွမ်း ဗွီဒီယို 2018
မနက်ဖြန် မနက် အစော ပိုင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီး အသင်းနှင့် ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ် ။ ဒါကြောင့် ဘာစီလိုနာ ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုနှင့်အပြိုင် ဆယ်စုနှစ်တစ်ခုကြာ ဘောလုံးလောက ကို မင်းမူ ထားတဲ့ လီယွန်နယ် မက်ဆီ ရဲ့ 2018 ခြေစွမ်း ဗီဒီယို ဖိုင်လေး တင်ပေးလိုက်ပါတယ်။

ဗွီဒီယို ကိုကြည့်ရန် အောက်တွင်နှိပ်ပါ
ဗွီဒီယို တွေထပ်ကြည့်ဖို့ page ကို like လုပ်ထားပါ
မော်ရင်ဟို ဟာ မောက်မာတဲ့သူဖြစ်ပြီး ၀င်းဂါးကတော့ ကစားသမားတွေအပေါ်မှာ နားလည်နိုင်စွမ်း၇ှိတဲ့သူပါလို့ အာဆင်နယ်ကစားသမားသစ် မီခီတာရန်ပြော//
မော်ရင်ဟို ဟာ မောက်မာတဲ့သူဖြစ်ပြီး ၀င်းဂါးကတော့ ကစားသမားတွေအပေါ်မှာ နားလည်နိုင်စွမ်း၇ှိတဲ့သူပါလို့ အာဆင်နယ်ကစားသမားသစ် မီခီတာရန်ပြော
အာဆင်နယ်ကစားသမားအသစ်ဖြစ်တဲ့မီခီတာရန်က အာဆင်ဝင်းဂါးသည် မော်၇င်ဟို ထက် ကစားသမားတွေအပေါ်မှာနားလည်နိုင်စွမ်းမြင့်မားတဲ့ သူဖြစ်ကြောင်းပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ အပြောင်းအရွှေ့တွင် မန်ယူအသင်းမှ အာဆင်နယ်အသင်းသို့ပြောင်းေ၇ွှ့လာသော အာမေးနီးယန်းလက်ေ၇ွးစင်ကစားသမား မီခီတာရန်သည် မန်ယူအသင်းတွင် ကစားခဲ့စဉ်က ၆၃ ပွဲကစားပြီး ၁၃ ဂိုးသွင်းယူထားပြီး အသင်းနှင့်အတူ လိဂ်ဖလား ၊ ယူ၇ိုပါလိဂ် ဖလားတို့ကိုရယူနိုင်ခဲ့သည်။သို့သော်လည်း မီခီတာရန်သည် နောက်ပိုင်းတွင် နည်းပြ မော်ရင်ဟို နှင့်အဆင်မပြေဖြစ်ပြီး အသင်းတွင် ပွဲထွက်ခွင့်ဆုံး၇ှုံးခဲ့၇သည်။ မီခီတာရန်က" မော်ရင်ဟို အနေနဲ့ ကစားသမားတွေအပေါ်မှာနားလည်နိုင်စွမ်းနည်းပါးသူဖြစ်ပြီး မောက်မာတဲ့သူ တစ်ယောက်ပါ။ အာဆင်ဝင်းဂါးကတော့ ကစားသမားတွေအပေါ်မှာ နားလည်နိုင်စွမ်း၇ှိပြီးကစားသမားတွေရဲ့ အနေအထားကိုလဲသိရှိသူပါ။ သူတို့နှစ်ဦးရဲ့ ကွာခြားချက်ကတော့ အဲဒါပါ " ဟုပြောဆိုသွားခဲ့သည်။

By Joker (Myanmar Sports News)
မက်ဆီနှင့် ရော်နယ်ဒိုခေတ်လွန်တွင် ballon d'Or ဆုကို နေမာနှင့်အမ်ဘာပီ တို့သာရ၇ှိနိုင်ဟု ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်း ဇာဗီ ပြောဆို/
မက်ဆီနှင့် ရော်နယ်ဒိုခေတ်လွန်တွင် ballon d'Or ဆုကို နေမာနှင့်အမ်ဘာပီ တို့သာရ၇ှိနိုင်ဟု ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်း ဇာဗီ ပြောဆို

ballon d'Or ဆုနဲ့ပက်သက် ပြီး ရော်နယ်ဒို နှင့်မက်ဆီ နောက်ပိုင်း မည်သူ၇၇ှိနိုင်သည်ဟု ခန့်မှန်းသုံးသပ်ပြောဆိုမှုများရှိသည်းအနက် နောက်ဆုံးပြောကြားလာသူကတော့ ဘာစီလိုနာ ကစားသမားဟောင်းဇာဗီဖြစ်ပါတယ်။ ballon d'Or ဆုကို မက်ဆီနှင့် ရော်နယ်ဒို က ဆယ်ဆုနှစ်တစ်ခုကြာ သိမ်းပိုက်ထားတာပါ။ အသက်အ၇ွယ်ကြီးမြင့်လာမှုနဲ့အတူ မက်ဆီနဲ့ေ၇ာ်နယ်ဒို တို့၇ဲ့ နေ၀င်ချိန်ကလဲ နီးကပ်လာပီဖြစ်ပါတယ်။ဘာစီလိုနာကစားသမားဟောင်းဇာဗီကတော့ မက်ဆီနှင့်ရော်နယ်ဒိုခေတ်လွန် ballon d'Or ဆုအတွက် နေမာနှင့် အမ်ဘာပီတို့သာ ယှဉ်ပြိုင်သွားရမည် ဟု ပြောဆိုလိုက်ပါတယ်။
ကာတာကလပ် အယ်ဆက်မှာ ကစားနေတဲ့ ဇာဗီက " ကျနော့် အနေနှင့်နေမာ အပေါ် လေးစားမှု၇ှိသလို သူဟာထူးချွန်တဲ့ကစားသမားပါ ။ ရော်နယ်ဒိုနှင့်မက်ဆီတို့ အနားယူချိန်ေ၇ာက်သွား၇င်တော့ေ၇ွှဘောလုံးဆုဟာ နေမာနှင့် အမ်ဘာပီတို့အတွက်ပဲဖြစ်မှာပါ " ဟုပြောဆိုခဲ့ပါတယ်။

မက်ဆီရဲ့ကစားပုံကိုခန့်မှန်းဖို့က အရမ်းခက်ပါတယ်.....လို့ ဘာစီလိုနာဂိုးသမား တာစတီဂန် ပြောဆို!
မက်ဆီရဲ့ကစားပုံကိုခန့်မှန်းဖို့က အရမ်းခက်ပါတယ်.....လို့ ဘာစီလိုနာဂိုးသမား တာစတီဂန် ပြောဆို/
ဘာစီလိုနာဂိုးသမားတာစတီဂန်က မက်ဆီရဲ့ကစားပုံဟာ ခန့်မှန်းဖို့အရမ်းခက်ပါတယ်လို့ပြောလိုက်ပါတယ်...
ဘာစီလိုနာအသင်းကိုေ၇ာက်တာ ၃ နှစ်ကျော်ပီဖြစ်သော်လည်း ယခုထက်ထိတိုင်မက် ဆီ၇ဲ့ကစားပုံကို ခန့်မှန်းနိုင်ခြင်းမ၇ှိသေးပါဟု ပြောလိုက်ပါတယ်။မက်ဆီဟာယခုနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းအတွက် ၃၃ ပွဲကစားပြီး ၂၇ ဂိုးသွင်းယူထားပါတယ်။ တာစတီဂန်က "မက်ဆီက အင်မတန်ဘောလုံးညဏ်ကောင်းတဲ့ကစားသမားပါ။မက်ဆီနဲ့ရဲ့ကန်ချက်တွေကိုကာကွယ်ဖို့ ဂိုးသမားတွေအတွက်အ၇မ်း်ကိုခက်ခဲပါတယ်။တစ်ခါတစ်လေမှာမက်ဆီ၇ဲ့ကန်ချက်တွေက ပျော့ချင်ပျော့နေမယ် ဒါပေမယ့် ဂိုးသမားတွေအတွက်ဖမ်းဖို့အရမ်းကိုခက်ခဲပါတယ် "လို့ပြောကြားခဲ့ပါတယ်
အီဒင်ဟာဇက်ရဲ့အပြောင်းအရွေ့ဘယ်လဲ//
အီဒင်ဟာဇက်ရဲ့အပြောင်းအရွေ့ဘယ်လဲ
မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဆက်အသွယ် ရှိနေတဲ့ ချဲလ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ကို ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း Mirror က ထုတ်ဖော် ရေးသားလိုက်ပါတယ်။
ဟာဇက်ဟာ ဇီဒန်းရဲ့ နည်းစနစ်အောက်မှာ ကစားချင်တယ်လို့ ယခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ခေတ္တ ဆိုင်းငံ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဇီဒန်းဟာ ပထမရာသီဝက်မှာ ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မရေရာဘဲ ဖြစ်နေပါတယ်။
အခု ဟာဇက်ဟာ မန်စီးတီးအသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တစ်ယောက် ဖြစ်တယ်လို့ Mirror က အခိုင်အမာ ဖော်ပြထားပြီး ဆန်းချက်ဇ်ထက် တန်းဖိုး ပိုမြင့်မားတယ်လို့ ယူဆထားတဲ့ သူ့အတွက် မန်စီးတီးအသင်းက ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ပြိုင်ဘက် မန်ယူအသင်းရဲ့ ကြားဖြတ်ဝင်လုခြင်း ခံလိုက်ရပြီးနောက် ယခုအခါ ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှုရရှိရေးအတွက် တစ်ပတ်လုပ်ခ ပေါင် ၃သိန်း ပေးပြီး ကမ်းလှမ်းသွားမည့်အပြင် အသင်းနဲ့ ပူးပေါင်းဖြစ်ရင် ပေါင် ၅သောင်း ထပ်ဆောင်း ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဆက်အသွယ် ရှိနေတဲ့ ချဲလ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ကို ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းသွားဖို့ စီစဉ်နေကြောင်း Mirror က ထုတ်ဖော် ရေးသားလိုက်ပါတယ်။
ဟာဇက်ဟာ ဇီဒန်းရဲ့ နည်းစနစ်အောက်မှာ ကစားချင်တယ်လို့ ယခင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ချဲလ်ဆီးအသင်းရဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကို ခေတ္တ ဆိုင်းငံ့သူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဇီဒန်းဟာ ပထမရာသီဝက်မှာ ရလဒ်ကောင်းတွေ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်မှာ အနာဂတ် မရေရာဘဲ ဖြစ်နေပါတယ်။
အခု ဟာဇက်ဟာ မန်စီးတီးအသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမား တစ်ယောက် ဖြစ်တယ်လို့ Mirror က အခိုင်အမာ ဖော်ပြထားပြီး ဆန်းချက်ဇ်ထက် တန်းဖိုး ပိုမြင့်မားတယ်လို့ ယူဆထားတဲ့ သူ့အတွက် မန်စီးတီးအသင်းက ပေါင် သန်း ၁၅၀ ဖြင့် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ပြိုင်ဘက် မန်ယူအသင်းရဲ့ ကြားဖြတ်ဝင်လုခြင်း ခံလိုက်ရပြီးနောက် ယခုအခါ ဟာဇက်ကို ရီးရဲလ်မက်ဒရစ်ထက် လက်ဦးမှုရရှိရေးအတွက် တစ်ပတ်လုပ်ခ ပေါင် ၃သိန်း ပေးပြီး ကမ်းလှမ်းသွားမည့်အပြင် အသင်းနဲ့ ပူးပေါင်းဖြစ်ရင် ပေါင် ၅သောင်း ထပ်ဆောင်း ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။မဟာလူသား Cristiano Ronaldo ရဲ့ ၃၃ နှစ်မြောက်မွေးနေ့'
မဟာလူသား Cristiano Ronaldo ရဲ့ ၃၃ နှစ်မြောက်မွေးနေ့'
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ပေါ်တူဂီ အသင်းနှင့် ရီးရဲ အသင်းတို့ရဲ့တိုက်စစ်မှူး ရိုလ်နာဒို က အသက် ၃၃ နှစ် ပြည့်သွားခဲ့ပါပီ။ ယခုနှစ်ဘောလုံးရာသီမှာတော့ ရိုလ်နာဒို အတွက် ခက်ခဲတဲ့ရာသီတစ်ခုလို့သတ်မှတ်ရမှာဖြစ်ပါတယ်။ရီးရဲမက်ထရစ် အသင်းကလဲ ယခုရာသီမှာရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပီး လာလီဂါကိုပြောင်းရွှေ့တဲ့အချိန်ကစလို့ နှစ်စဉ်နှစ်တိုင်း လာလီဂါရဲ့ထိပ်တန်းဂိုးသွင်းရှင် အဖြစ်ရပ်တည်ခဲ့တဲ့ ရိုလ်နာဒိုဟာ ယခုနှစ်ဘောလုံးရာသီမှာတော့ လာလီဂါ ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးပဲသွင်းယူနိုင်ခဲ့ပြီး မဟာပြိုင်ဘက် မက်ဆီကတော့ ဂိုး ၂၀ သွင်းယူထားပါတယ်။ ၃၃ နှစ်မြောက်မွေးနေ့ကိုတော့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့အချိန်ဖြစ်လို့ အကြီးအကျယ် အောင်ပွဲမခံခဲ့ပါဘူး လို့သိရပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းလစ်စဘွန်းနဲ့ ဘောလုံးဘ၀စတင်ခဲ့တဲ့ ရိုလ်နာဒိုဟာ မန်ယူ အသင်းကို ၂၀၀၃ ခုနှစ်မှာပြောင်းရွေ့ခဲ့ပါတယ် ။ မန်ယူ အသင်းမှာ ခြောက်နှစ်တာကစားခဲ့ပီး ၂၉၂ ပွဲမှာ ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ် ဖလား ၂ ကြိမ် ၊ အက်ဖ်ဖေဖလား ၁ ကြိမ် ၊ လိဂ်ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၁ ကြိမ် ရရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာတော့ Ballon d'Or ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ထရစ် အသင်းကို ၂၀၀၉ ခုနှစ်မှာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ ရောက်ရှိခဲ့ပြီး လာလီဂါဖလား ၂ ကြိမ် ၊ စပိန်ဘရင့်ဖလား ၂ ကြိမ် ၊ ချန်ပီယံလိဂ် ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး Ballon d'Or ဆု လေးကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ရိုလ်နာဒိုဟာ ရီးရဲ မက်ထရစ် အသင်းအတွက် ၄၂၁ ပွဲကစားပြီး ၄၂၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ပေါ်တူဂီ အသင်းအတွက်လဲ ၁၄၇ ပွဲကစားပြီး ၇၉ ဂိုးသွင်းကာ ပေါ်တူဂီအသင်းရဲ့ ဂိုးသွင်းအများဆုံးကစားသမား ဖြစ်ပါတယ် ။ ရိုလ်နာဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ၂၀၁၆ မှာ ယူရိုဖလား ကို သမိုင်းတစ်လျောက် ပထမဆုံးအကြိမ်အဖြစ် ဗိုလ်စွဲခဲ့ပြီး ပြင်သစ်နဲ့ကစားခဲ့တဲ့ဗိုလ်လုပွဲမှာ ဒဏ်ရာရသွားပေမယ့် ကွင်းဘေးကနေ ဦးဆောင်ခဲ့တဲ့ ရိုလ်နာဒိုရဲ့ ဟန်အမူအရာတွေဟာ အတော်လေးကြော်ကြားခဲ့ပါတယ်။

ရိုလ်နာဒိုဟာ ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ကလေး၎ယောက်၇ှိပါတယ် ( CR 7 ဆိုတဲ့အတိုင်း ကလေး ၇ ယောက်ယူမယ်လို့ ပြောထားပါတယ် *မသေချာပါ *)။သူ့ရဲ့အေးဂျင့်ဖြစ်သူကတော့ ရိုလ်နာဒို ဟာအသက် ၄၁ နှစ်အထိ ဘောလုံးကစားမယ်လို့ ပြောထားပါတယ်။ ဘောလုံးလောက ရဲ့ အကောင်းဆုံးကစားသမားအဖြစ် မက်ဆီနဲ့ အပြိုင်သတ်မှတ်ခံရတဲ့ ရိုလ်နာဒို ရဲ့ငယ်စဉ်ဘ၀က ကြမ်းတမ်းခဲ့ပြီး ယခုလို့ ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်နိုင် တာ အင်မတန်မှ လေးစားစရာ ကောင်းပါတယ်။
Subscribe to:
Comments (Atom)
ပြတ်သားတဲ့ အနိုင်ရလဒ် နဲ့ အောင်ပွဲ ခံသွားတဲ့ မန်စီးတီး
အာဆင်နယ် ၀ - ၃ မန်စီးတီး ********************************** အင်္ဂလန်နိုင်ငံ ၀င်ဘာလေ ကွင်းမှာ ကျင်းပခဲ့တဲ့ လိဂ်ဖလား ပြိုင်ပွဲရဲ့ ဗိုလ်လုပွ...
-
မဟာလူသား Cristiano Ronaldo ရဲ့ ၃၃ နှစ်မြောက်မွေးနေ့' ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာတော့ ပေါ်တူဂီ အသင်းနှင့် ရီးရဲ အသင်းတို့ရဲ့တု...
-
အီဒင်ဟာဇက်ရဲ့အပြောင်းအရွေ့ဘယ်လဲ မန်စီးတီးအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အဆက်အသွယ် ရှိနေတဲ့ ချဲလ်ဆီးကြယ်ပွင့် အီဒင်ဟာဇက်ကို ပေါင် သန်း ၁၅၀ ...
-
မက်ဆီ ရဲ့ မှော်ဝင်ခြေစွမ်း ဗွီဒီယို 2018 မနက်ဖြန် မနက် အစော ပိုင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ချဲလ်ဆီး အသင်းနှင့် ဘာစီလိ...